Friday, September 30, 2016

ထူးတင့်သာဆန်း - အချိုးတွဲ ( ၁၁ )


နံနက်ခင်း ရောင်နီပျိုးတော့ ၊
ချိုးငယ်ကတကူကူ ။
အုန်းပင်ပေါ် ဇရက်တွေလည်း ၊
ကက်ကက်လန်ဆူ ။

ရေကန်လယ် ပျားပိတုန်း ကလူလို့ ၊
ပန်းကြာဖြူတဖွေးဖွေး ။
စိမ်းမြရောင် စပါးခင်းကိုတော့ ၊
လင်းနေခြည်ထွေး ။

ဟိုအဝေး တောင်တော်ဦးမယ် ၊
ဖူးပါရထုံးစေတီ ။
လယ်ကွင်းစွန် ခင်တန်းမှာတော့ ၊
ထန်းပင်အစီရီ ။
ဗျိုင်းတစ်အုပ်က တောင်ပံချီ ၊
ညီညာစွာပျံသန်း ။
သဘာဝအလှ ကြည်နူးဘွယ်မို့ ၊
ကြူးရင့်ညံ ယာစခန်းမှာဖြင့် ၊
ထူးတင့်သာဆန်း ။


ဇရက် = ဆက်ရက်ငှက် ။

အောင်နိုင်သူ ( 1 / 9 / 2016 )

No comments:

Post a Comment