Friday, September 30, 2016

ပြန်ခဲ့ပြီငယ်ချစ်ဆီ - အချိုးကဗျာ ( ၃၄ )


မျှော်လေဝေး ၊
ပြန်ရေးကခက်တယ် ။

တွေးကာပူ ၊
ကြင်သူရယ်အထင်လွဲလို့ ၊
ကွဲလိမ့်မယ်ဗျာပါဆင့်ကာ ၊
စိုးထင့်လျက်ကွယ် ။

မေ့နဲ့နော်ချစ်ဦးငယ် ၊
တစ်နယ်ဆီခဏဝေး ။

လွမ်းတော်မူ ၊

မျှော်နေသူရွှေရင်နစ်ပါနဲ့ ၊
ချစ်တဲ့သူမောင့်ငယ်ကျွမ်းဆီ ၊
လှမ်းခဲ့ပြီလေး ။

အောင်နိုင်သူ ( 30 / 9 / 2016 )

No comments:

Post a Comment