Sunday, September 4, 2016

အသည်းလှိုက်မောပန်း - အချိုးကဗျာ ( ၂ )


သစ္စာလိုဝင်းခြံခတ်ပါလို့ ၊
မေတ္တာကိုမင်းထံအပ်သော်လည်း ၊
တင်းကာပြတ်ကြိုးအဖြစ်လို ၊
ချစ်ကံကချော် ။

ပန်းကြွေရာလေလာနှောက်သလို ၊
အလွမ်းဝေဒနာနေတစ်ရာအောက်မှာ ၊

သေလောက်အောင်အခံခက်ပေမဲ့ ၊
ပြန်ရက်ကိုမျှော် ။

မခေါ်သာအခြေမတင့်လေတော့ ၊

တော်ရာမှာနေရစ်သူက ၊
ချစ်နွံနစ်ဆွေးကာမပျော် ၊

ဒွေးမယ်နော်ပြန်ခန်း ။
နွေကမ္ဘာအပူလှိုင်းတွေအောက် ၊
ဖြေမသာလူရိုင်းတစ်ယောက်လို ၊
စိတ်ရူးပေါက်အလိုက်လွဲခိုက်မို့ ၊
အသည်းလှိုက်မောပန်း ။

အောင်နိုင်သူ ( 22 / 8 / 2016 )

No comments:

Post a Comment