Monday, September 26, 2016

သုခပျောက်ဆုံးခြင်း - သံပေါက်ကဗျာ ( ၂ )


ကိုယ့်ကျိုးစီပွါး ၊
မထိပါး ၊
ရိုးသားသူကိုမမုန်းရ ။
သူ၏နှုတ်ဖျား ၊
မစော်ကား ၊
ထိပါးသူ့ကိုမစောင်းရ ။

သူ၏မကောင်း ၊
သူ့အကြောင်း ၊
သူ့ခေါင်းပေါ်သာကျလိမ့်မည် ။
သူ့အဖြစ်ဆိုး ၊
ကိုယ့်အကျိုး ၊

ဖြစ်မျိုးဝေးစွာရှောင်ရမည် ။

သူ့လမ်းသူသွား ၊
သူ့စကား ၊
တရားသူ့ကိုစီရင်သည် ။
ကိုယ်လည်းမပိုင် ၊
ကိုယ်မဆိုင် ၊
ကြိုးကိုင်ချင်ကမောတတ်သည် ။

ကိုယ်မသိသူ ၊
ထိုထိုလူ ၊

ငြူစူလေကကိုယ်လွဲသည် ။
ရန်သူပုံနှုန်း ၊

ကြောင်းမဲ့မုန်း ၊
အဆုံးကိုယ်သာမှားပေသည် ။
.

မေတ္တာလည်းဆိတ် ၊
ဝိဇ္ဇာပိတ် ၊
ကိုယ့်စိတ်ကိုယ့်ကိုသတ်လိမ့်မည် ။

ကောင်းစေတနာ ၊
ပျက်စီးလာ ၊
ချိန်ကြာလူနှင့်ကင်းလိမ့်မည် ။
လူသားဖြစ်လျင်း ၊
လူနှင့်ကင်း ၊
မယွင်းသုခပျောက်တော့မည် ။

အောင်နိုင်သူ ( 26 / 9 / 2016 )

No comments:

Post a Comment