Sunday, September 4, 2016

ဆေးပေါင်းခတဲ့မင်းမေတ္တာ - အချိုးကဗျာ ( ၁၂ )


ပန်းတကာတွေအလှထူးပေမဲ့ ၊
အချစ်ဦးကိုဖြင့်မီမယ်မောင်မထင် ၊
ဇမ္ဗူခွင်လက်ယာတောင်ကျွန်းမှာ ၊
ထွန်းတဲ့သော်တာ ။

ဝဿဝတီနတ်သမီးငယ်တို့ ၊
ငြီးကြလိမ့်ယှဉ်မပြိုင်သာ ၊
မယ်မြန်မာသရဖူဆောင်းတယ် ၊

ကောင်းမြတ်အရာရာ ။

နန်းဆန်တဲ့ခင်လေးရယ် ၊
ယဉ်ကျေးတယ်ဆိုစကားတွေက ၊
နားမှာချိုပီယဝါစာ ၊
ပမာလေညှင်း ။

မင်းအပြုံးကမောင့်နှလုံးသားပါ ၊

မောင့်အားကမင်းရဲ့ချစ်ခြင်း ၊
မင်းမေတ္တာဆေးပေါင်းခသမို့ ၊

မောင့်ဘဝကမင်း ။

အောင်နိုင်သူ ( 28 / 8 / 2016 )

No comments:

Post a Comment