Monday, September 12, 2016

ယောင်္ကျားဘသား - အချိုးတွဲ ( ၅ )


လွှဲမသာဟောသည်ခရီးလမ်း ၊
မငြီးတမ်းပဲလှော် ။
ခရီးကြမ်းမှာဒီရေလှိုင်းနဲ့
မုန်တိုင်းကိုကျော် ။
ကမ်းမမြင်ပင်လယ်မှာပျော် ၊
လူမော်မို့လား ။
အန္တရာယ်ကိုဘယ်မကြောက်တဲ့ ၊

ယောင်္ကျားဘသား ။

မာကျောတဲ့ဟောသည်လယ် ၊
ထယ်ထိုးလို့ချေ ။
မွကျေအောင်နွားဖက်ရုန်းကာ ၊
ထွန်ထုံးနဲ့မွှေ ။
စပါးစိုက်မကွဲ့တို့ယာမြေ ၊

ဝေစေမြစပါး ။
မိုးနဲ့နွေစိုးမကြောက်တဲ့ ၊

ယောင်္ကျားဘသား ။

ကျောက်စရစ်နဲ့သဲတွေကိုထမ်း ၊
ပန်းတယ်လို့မထင် ။
ပန်းရံဆိုလည်းတကုပ်ကုပ်နဲ့ ၊
လုပ်မြဲမငြိုငြင် ။
အသိုက်မြုံတွက်သူ့အားအင် ၊
မြဲအစဉ်ပြင်ထား ။

လောကဓံကိုဒူးမထောက်တဲ့ ၊
ယောက်င်္ကျားဘသား ။

အောင်နိုင်သူ ( 12 / 9 / 2016 )

No comments:

Post a Comment