Monday, September 26, 2016

လွမ်းထွန့်ထွန့်လူး - အချိုးကဗျာ ( ၃၂ )


မိုးဒေဝါ ဖြိုးစွေရွာရင်ဖြင့် ၊
တိုးဝေဖြာအားအင်ရယ်နဲ့ ၊
စပါးပင်တွေယိမ်းကလို့ ၊
စိမ်းမြကမ္ဗလာ ။

ရိုးမတောင်ငြိုးလျအောင်ပဲ
အခိုးကမှောင်တဝေဝေမို့ ၊

ဖြေမပြေငယ်ကျွမ်းကိုဖြင့် ၊
လွမ်းအသည်းကနာ ။

ဘယ်နန်းဗွေဘယ်ကိုမြန်းနေလိမ့် ၊
စံပယ်ပန်းငယ်သစ်ဝေမြဲပေါ့ ၊

နှစ်တွေလည်းယွင်းအခါခါ ၊
မင်းပြန်မလာလေဘူး ။

ပန်းစပယ်ပွင့်လေသမျှခမျာ ၊

နွမ်းလေတယ်တင့်မနေရရှာ ၊
လွင့်ကြွေကျပန်သူကင်းနေတော့ ၊
မင်းကိုလေမျှော်တတမ်းတမ်းနဲ့ ၊
လွမ်းထွန့်ထွန့်လူး ။

အောင်နိုင်သူ ( 27 / 9 / 2016 )

No comments:

Post a Comment