Wednesday, September 21, 2016

ပျို့မောင်ဖုန်းပြန်ခဲ့ပါ - လွမ်းချင်း ( ၁ )


သီတင်းကျွတ် တန်ဆောင်မုန်းမယ် ၊
မောင်ဖုန်းရယ် ပြန်လာခဲ့ပါ ၊
ပျိုတို့ရွာ ဋ္ဌာနီစခန်းမှာဖြင့် ၊
စီတန်းလို့ ဘုရားလှည့်ပွဲကို ၊

အများနဲ့နွှဲ ပျော်ကြတော့မယ် ၊
မျှော်ရတယ် ပျို့အချစ်ဦးရယ် ၊
ရူးမယ်ကွဲ့လေး ။
.
ညခင်းမှာ မီးထွန်းပွဲနဲ့ ၊
လူမစဲအောင် စည်ကားလိမ့် ၊
ရွာဘုရားဝင်း ဇာတ်သဘင်ခင်းလို့ ၊

ချောင်းတွင်းမတော့ သပိတ်မျှောမယ် ၊
တောရွာဓလေ့ ရင်တဖိုဖိုနဲ့ ၊
တူနှစ်ကိုယ် တွဲပျော်ဖို့ ၊
ပျို့မောင်တော် အချစ်ဦးကိုဖြင့် ၊
ဖူးချင်ရဲ့လေး ။
.

အောင်နိုင်သူ ( 21 / 9 / 2016 )

No comments:

Post a Comment