Friday, September 30, 2016

မောင့်သစ္စာတိုင် - တေးထပ် ( ၅ )


ချစ်သမျှကို ဖွင့်ကာပြ ၊
မေတ္တာအလှ ဝေဖြာ ၊
ချစ်သူနှမ ကလျာရယ် ၊
ဆုံးကမ္ဘာ တူမခွဲ ။

ရွှေနဲ့မြ ဂုဏ်ပဏာညီ ၊
နေစန္ဒာ မိုးထက်ဒွန်တွဲ ။

စာဖွဲ့နွဲ့ သစ္စာတိုင်မယ် ၊
ရှစ်ကမ္ဘာခိုင် စဉ်မြဲ ။
ချစ်သဒ္ဓါလှိုင် ဘယ်မလွဲပါကွဲ့ ၊
ရင်ထဲက မေတ္တာ ။
ရွှေစိတ်တော် ဘဝင်ခိုက်စေဖို့ ၊
စဉ်တစိုက် ဖေးမမည်သာ ။

ယှဉ်နှိုင်းမဲ့ ကြင်နာမယ် ၊
ခင်သူဇာ ပစ်မမုန်းနဲ့ ၊
ချစ်ဆုံးမို့ သခင်ငြိုးရန် ၊
စိုးကြောက်ဧကန် ။
ချစ်တေးဖွဲ့ ရွှေဗိမာန်ဆီ ၊
မနှေးအမြန် တူလှမ်းစို့လေး ။

အောင်နိုင်သူ ( 30 / 9 / 2016 )

No comments:

Post a Comment