Friday, September 23, 2016

အာစရိယပူဇော်ပွဲ - တေးထပ် ( ၂ )


 
မြဲစဉ်သာ   စိတ်အသွင်လှ ၊
မေးလာသမျှ   မငြိုငြင် ၊
လမ်းညွှန်ပြ   သွန်သင်တယ် ၊
ချစ်ခင်ဘွယ်   သမား ။
ဘုရားသို့   မြတ်ဆရာကို ၊
တစ်သက်တာ   မမေ့ပါနဲ့လား ။
.
မကောင်းမှု   မလုပ်လေအောင် ၊
အဟုတ်ရှောင်  စေသား
မဆုတ်ပေါင်  ကြင်သနားလို့ ၊
သူညွှန်ကြား  သင်ရှာ ။
ချီးမွမ်းဘွယ်  အာစရိရယ်လို့ ၊
သညာသိ  ထားလောက်သည်သာ ။
.
ဦးနှိမ်ချ  မျှော်ရည်ကာ ၊    
ရိုသေစွာ  ဝပ်တွားလို့ ၊ 
ပြုမှားမိ  အပြစ်ဒါဏ် ၊
ခွင့်လွှတ်စေရန် ။
တပည့်သားတို့  တောင်းဆုပန်တယ် ၊
အပြစ်မကျန်  ကင်းပျောက်စေလေး
.
အောင်နိုင်သူ  ( 23 / 9 / 2016 )

No comments:

Post a Comment