Saturday, September 24, 2016

စည်တော်သံ ( ၂ )


မြတ်ဗုဒ္ဓါ  လူ့ရွာဆင်းပါတဲ့ ၊
သီတင်းကျွတ်  ဒီချိန်ခါ ၊
လင်းပေါ့သော်တာ ။
နတ်ဗြဟ္မာ ၊
ကြည်သာလို့ယှဉ်တွဲ ။
ပြည်တခွင်ပေါ် ၊
ပူဇော်မီးရယ် ၊
ငြီးထိန်တဲ့ပွဲ ။

သူသူငါ  အလှူမင်္ဂလာနွှဲလို့ ၊
ပွဲလည်ကြ  ပျော်စရာ ၊
ကောင်းကင်ကသာ ။
ကြယ်စင်ဖြာ ၊
အာကာပြင်မှာဖွဲ ။
နံမည်ကျော် ၊
စည်တော်တီးတယ် ၊
ဟီးသံကမစဲ ။

အောင်နိုင်သူ ( 24 / 9 / 2016 )

No comments:

Post a Comment