Monday, September 5, 2016

ကဆုန်လပြည့်မြတ်သောနေ့ - လင်္ကာကဗျာ ( ၁ )


ကဆုန်လပြည့် ထိုသည့်နေ့ကား
ထူးပေ့အံ့ရ မြတ်ဗုဒ္ဓ၏
လေးဝဖြစ်အင် ဗုဒ္ဓဝင်မို့
ဦးတင်မှတ်ထားသင့်ပါသည်

ဖြစ်အင် ( ၁ )
ဒီပင်္ကရာ ၊ သုမေဓာကို ၊
မြွက်ခါဗျာဒိတ် ၊ ပြနိမိတ်ကား ၊
ဖြစ်လိမ့်ဘုရားဧကန်တည်း ။

ဖြစ်အင်( ၂ )
မဟာသက္ကရာဇ် ၊ ခြောက်ဆယ့်ရှစ်၌ ၊
နုမြစ်လောင်းလျာ ၊မွေးဖွါးလာသည် ၊
မည်မှာသိဒ္ဓတ္ထပင်တည်း ။

ဖြစ်အင်( ၃ )
တစ်ရာ့သုံတွင် ၊ ဗေါဓိပင်ရင်း    
ခိုဝင်ကြံဆ ၊ မြတ်ဓမ္မကြောင့် ၊
ဗုဒ္ဓစင်စစ်ဖြစ်သတည်း ။

ဖြစ်အင်( ၄ )
တစ်ရာ့လေးရှစ် ၊ သက္ကရာဇ်ကြုံ ၊
သက်နှစ်ရှစ်ဆယ် ၊ နိဗ္ဗာန်နယ်သို့ ၊
စံပါယ်ကိန်းမွေ့ပျော်သတည်း ။

( ဒီပင်္ကရာ = ဒီပင်္ကရာဘုရား / သုမေဓာ = သုမေဓာရသေ့ /
တစ်ရာ့သုံး = မဟာသက္ကရာဇ် ၁၀၃ ခုနှစ် / တစ်ရာ့လေးရှစ် = မဟာ
သက္ကရာဇ် ၁၄၈ ခုနှစ် / သက်နှစ်ရှစ်ဆယ် = သက်တော် ၈၀ )

အောင်နိုင်သူ

No comments:

Post a Comment