Monday, September 5, 2016

မနှုတ်လိုသောဆူး - စာနုစာယဉ် ( ၁ )


တော်ဝင်နန်းမဟီက
ပန်းနှင်းဆီအလှအပတစ်ပွင့်ကိုမှ
မရမကလှမ်းကာခူးချွေမိတော့
ဆူးတွေကစူးတယ်မနှင်းဆီ
မင်းမတည်ကြည်မာယာတွင်းအခြေကို
အသာအယာဆင်းနေမိမှန်းတောင်မသိ
ပိပိရိရိ ထိမိလှတဲ့ဗျူဟာ
ကိုယ့်ခမြာမှာတော့အရုပ်
မင်းလုပ်သ၍ ငုတ်တုပ်ကိုမေ့လို့
မမွေ့တမွေ့အိပ်မက်ဆိုတာမျိုး

ဖြတ်ကနဲလန့်နိုးသိလိုက်ရတဲ့အခါ
မင်းဟာတငွေ့ငွေ့လွင့်ပါး
တရွေ့ရွေ့နဲ့ထွက်သွားခဲ့ပြီ မနှင်းဆီ
လှမ်းလည်းမမီ လွမ်းမမီနဲ့ရူး
မချစ်ဖူးခဲ့အချစ်ထူးမို့
ရင်နစ်အောင်စူးတဲ့ဒီဆူး
အချစ်ဦးရေ...............
ကိုယ်မနှုတ်တော့ပါဘူးလေ ။

အောင်နိုင်သူ ( 6 / 9 / 2015 )

No comments:

Post a Comment