Monday, September 5, 2016

ကျောင်းသွားကြမယ် - ကလေးကဗျာ ( ၁ )



@.ကျောင်းသွားကြမယ်



မိုးသောက်ရောင်နီနေခြည်လင်းရင် ၊

နံနက်ခင်းမှာကျောင်းတက်မယ် ၊

ကဗျာလေးတွေရယ်ပေါင်းဆိုကြဖို့ ၊

ကျောင်းကိုသွားစို့သူငယ်ချင်းရယ် ။



မိုးမိုးငယ်ရေသနပ်ခါးကို ၊

ပါးကွက်ကျားလိုလိမ်းစမ်းကွယ် ၊

ကြာပန်းနီနီခူးကာထားတယ် ၊

ကျောင်းကိုသွားတော့ပန်ပေါ့ဟယ် ၊

သွားမယ်…..သွားမယ်…..။



အောင်နိုင်သူ  ( 4 / 8 / 2016 )

No comments:

Post a Comment