Monday, September 5, 2016

မြန်မာ့ဧရာကမ္ဘာ့ရတနာ - လင်္ကာကဗျာ ( ၂ )


ငါတို့မြန်ပြေအသက်ရှေအောင်
သွေးရေများစွာလိုအပ်ရာသို့
ညင်သာစီးဆင်းဖြန့်ဝေခြင်းဖြင့်
မြစ်မင်းဧရာအမည်တွင်သည်


နဒီတလွှားမြစ်ကမ်းများ၌
သူ့အားမှီတွယ်ယာသွယ်သွယ်နှင့်
ရေလယ်ခေါင်ဗွေတံငါလှေနှင့်
အကြေအညာဆန်စုန်လာသည့်
သံသာဥသြကုန်သင်္ဘောနှင့်
သောသောညံအော်အဝတ်လျှော်သူ
ပျော်ပျော်ပါးပါးရေချိုးသွားသူ
ဆေးသားစုံညီရွှေပန်းချီသို့
နဒီဧရာလှလွန်းသည်


ပြည့်ခရီးလမ်းဖြောင့်ဖြောင့်တန်းအောင်
ပြည့်ဝမ်းရိက္ခာပြည့်ဝလာအောင်
ပြည့်ရွာမြေလှသဘာဝတို့
ဂေဟစနစ်မပျက်တင့်အောင်
ရှေးနှစ်များစွာအခါခါမှ
ူသာကျိုးပန်းဆောင်နိုင်စွမ်း၍
စိမ်းလန်းစိုပြေတို့ဋ္ဌာနေလည်း
ကြာရှေတည်တန့်ခဲ့ပါသည်
 

ဘိုးဘွားဘီဘင်ခေတ်၌ပင်လျှင်
အစဉ်တည်လာမြစ်ဧရာသည်
ခွေကာစီးဆင်းလှပခြင်းနှင့်
သတင်းဂုဏ်ပေါ်ကမ္ဘာကျော်လည်း
မလျော်လောဘလူ့ဗာလကြောင့်
မြစ်မနဒီမြစ်မပီပဲ
ရေကြည်ခမ်းလျော့ပျက်သုဉ်းတော့မည်
မပေါ့မဆကာကွယ်မှသာ
မြန်မာ့ဧရာအညွန့်ဝေစည်
ကမ္ဘာ့ရတနာအဓွန့်ရှေမည်


(ပြေ - ပြည်  ရှေ - ရှည် ရေ - ရည် )


အောင်နိုင်သူ ( 5 / 2016 )

No comments:

Post a Comment