Friday, September 9, 2016

@ချစ်နေလျက်ပဲ - အချိုးတွဲ ( ၂ )

@.ချစ်နေလျက်ပဲ
*****************

အချစ်ဦးပေါ့မနှင်းဆီ ။
မချစ်ဖူးအချစ်ထူးလို့ ၊
ရူးခဲ့ပါသည် ။
မင်းစကားကမတည်ကြည် ၊
မင်းပလီရှောင်လွှဲ ။

မောင့်ဘဝလည်းမတင့်တယ် ၊
အချစ်နယ်မှာအတွေ့ကြုံနည်းတော့ ၊

မောင့်အသည်းကျေကွဲ ။

အချစ်မူးတယ်မနှင်းဆီ ။
အဖြစ်မထူးပြီဒီအလွမ်းဇာတ် ၊
ရှင်ခန်းပြတ်သည် ။
အလှမ်းမမီအဝေးဋ္ဌာနီ ၊
ပန်းနှင်းဆီရှောင်ပုန်း ။
ပွဲဦးထွက်ချစ်ဒုက္ခအလယ် ၊

မောင့်ဘဝရယ်ချစ်လူမိုက်ပါ ၊
မင်းကြိုက်သလောက်မုန်း ။

တစ်သက်လုံးပဲလွမ်းနေမည် ။
မပျက်သုဉ်းသောမေတ္တာများနဲ့ ၊
ချစ်ပါရသည် ။
ရက်စက်ပေါ့မနှင်းဆီ ၊
မင်းရီတဲ့အောင်ပွဲ ။

မောင်ကတော့အပြုံးတွေကွယ်၍ ၊
ရုန်းမလွယ်အမုန်းနွံနစ်လည်း ၊
ချစ်နေလျက်ပဲ ။




( ရီ = ရယ် )
အောင်နိုင်သူ ( 10 / 9 / 2016 )

No comments:

Post a Comment