Tuesday, September 6, 2016

တံငါရွာ - အချိုးကဗျာ ( ၁၄ )


ကျွန်းညိုညိုတောင်ခြေရင်းမှာလ ၊
သောင်ငွေအဆင်းသဲလွှာပြင်မယ် ၊
တဲတစ်ဒါဇင်ကျော်တန်းပါတဲ့ ၊
စခန်းတံငါရွာ ။

ကမ်းသောင်ခြေရေခင်းဆီမတော့ ၊
လှေအစင်းစင်းတိုင်မှာချည်လို့ ၊
မှိုင်းပြာရီပင်လယ်ရိုင်းထံမှ ၊
လှိုင်းတွေကလာ ။

ဆင်းပျံတက်ငှက်ဇင်ယော်တွေ ၊
ရွှင်ပျော်ကာလေမှာဝဲပါလို့ ၊
ရေဇလာထဲကငါးကိုရှာ ၊
သဘာဝရှုခင်း ။

ငါးဖမ်းရန်ချိန်ခါရောက်လေတော့ ၊   
ခလောက်ဆန်တဲ့လှေငယ်တွေပေါ် ၊
တံငါဖေါ်လူတစ်သိုက်ကယ် ၊
ပိုက်ထမ်းလို့ဆင်း ။

အောင်နိုင်သူ  ( 21 / 8 / 2016 )

No comments:

Post a Comment