Sunday, September 4, 2016

ရွှေကျေးတမာ - အချိုးကဗျာ ( ၂၅ )


ဝေဟင်မှာပျံသန်းပါလို့ ၊
မြိုင်နန်းကိုတဲ့စွန့်ခွါ ၊
ရွှေကျေးတမာ ။

စားစရာရှာ ၊
သံစာညံပျော်လို့မဆုံး ။

ညောင်းသီးလည်းစားငေးမနေနဲ့ ၊
ဘေးအန္တရာယ်သင်မတိုးဖို့ ၊
မုဆိုးရဲ့လေးသံကြားအောင် ၊
နားထောင်လှည့်အုံး ( ဦး) ။

အောင်နိုင်သူ


No comments:

Post a Comment