Saturday, September 17, 2016

ကျုပ်တို့ရွာပင်လယ်ကမ်း - အချိုးတွဲ ( ၇ )


လှိုင်းခေါင်းဖြူပင်လယ်ပြာ ။
သဲသောင်ရှည်ကွေ့ကာတန်းလို့ ၊
ကမ်းခြေကသာ ။

ရေလယ်ကငါးဖမ်းနာဝါ ၊
လှိုင်းလာတော့လူး ။
ကမ်းခြေရေပြင်တလွှားမှာတော့ ၊

ရေကစားတဲ့လူတရုန်းရုန်းနဲ့ ၊
ပြုံးပျော်လို့မြူး ။

လေပြေညှင်းကသုန်သုန်မြှူ ။
ဇင်ယော်တွေဟိုသည်ဝဲလို့ ၊
သဲသောင်ကဖြူ ။
ခရုခွံအစုံကောက်ကာယူ ၊
အတူကုံးလို့တွဲ ။
အိမ်ပြန်လက်ဆောင်အဖြစ်နဲ့ ၊
ချစ်သူတွေလည်တိုင်မှာသ ၊
အလှဆင်လို့ဆွဲ ။

အုန်းပင်တွေတန်းစီနေ ။

သောက်ကြကွယ်ဘယ်မငြီးပေါ့ ၊
အုန်းသီးနုရေ ( ရည် ) ။
ပင်လယ်စာမျိုးစုံအထွေထွေ ၊
မိတ်ဆွေတို့စား ။
ဖိတ်ပရစေမိတ်သဟာတွေ ၊
ကျုပ်တို့ရွာပင်လယ်ကမ်းကိုဖြင့် ၊
လှမ်းခဲ့ပါလား ။

နာဝါ = လှေ ၊ သင်္ဘော ။

အောင်နိုင်သူ ( 17 / 9 / 2016 )

No comments:

Post a Comment