Sunday, September 4, 2016

မမလေးနဲ့ပန်းစံပယ် - အချိုးကဗျာ ( ၃ )


မမလေးပန်ဆင်သတဲ့ ၊
ဖြူလွလွပန်းစံပယ် ၊
သင်းရနံ့ကြွယ် ။

ပန်းတကာလယ် ၊

ဆန်းကျယ်တဲ့ပန်းမို့လား ။

ပိတုန်းရောင်ကေသာပေါ်မှာ ၊

ဘော်ငွေရောင်စံပယ်ပန်းနဲ့ ၊
တင့်ဆန်းကာဟန်မူကြွတယ် ၊
လှရက်နိုင်အား ။

အောင်နိုင်သူ ( 5 / 9 / 2016 )

No comments:

Post a Comment