Tuesday, September 6, 2016

တိမ်ပလီ..သည်နွေနှောင်း - လင်္ကာကဗျာ ( ၃ )


နွေနှောင်းပူစွ ၊ ချွေးပေါက်ကျ၍ ၊
နေရခက်သော် ၊ တောင်သို့မျှော်ကာ ၊
တိမ်ပေါ်လေလျှင် ၊ စိတ်ပျော်ရွှင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။

တိမ်မဲညိုညို ၊ ပြိုမလိုနှင့် ၊
မူပိုလှည့်စား ၊လယ်သမားလည်း ၊
ထွန်သွားထယ်ပြင် ၊ စိတ်ကြည်လင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။

ဟန်ရေးပြပြ ၊ လယ်သူမတို့ ၊
လှုပ်ရွဟစ်အော် ၊ တေးသံကြော်ရင်း ၊
ငယ်ဖေါ်ခေါ်ငင် ၊ လုပ်ငန်းပြင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။

နွားကျောင်းသားလည်း ၊ မိုးမှောင်မည်းခိုက် ၊
နွားဆွဲအော်ငေါက် ၊ ရွာဝင်ပေါက်သို့ ၊
အောင့်ဆောက်ပြေးဝင် ၊ သုတ်ခြေတင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။

နွေနှောင်းရာသီ ၊ လိမ်ပလီ၍ ၊
မပီဂိန်မှန် ၊ မိုးဝဿန်လား ၊
ဧကန်ဝေခွဲ ၊ရနိုင်ခဲကာ ၊
သူလည်းမိုးမျှော် ၊ ငါမိုးခေါ်နှင့် ၊
ဖါးအော်လေလျင် ၊ ပျော်လိုက်ချင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။

အောင်နိုင်သူ ( 1 / 5 / 2016 )

No comments:

Post a Comment