Monday, September 12, 2016

ဆိုးရွားတဲ့အချစ်ဇုံ - လင်္ကာကဗျာ ( ၈ )


ရွှေမြရံစီ ၊ နန်းတော်ဆီက ၊
ဒေဝီသူဇာ ၊ လှကညာကို ၊ 
မောင့်မှာချစ်မိ ၊ အပြစ်ရှိ၍ ၊
အသိနှင့်ယှဉ် ၊ ဟောသည်ရင်မှ ၊

ချစ်ကြင်ခံစား ၊ နှလုံသား၏ ၊
တံခါးကိုသာ ၊ ပိတ်လိုက်ပါသည် ၊

မောင့်ဋ္ဌာနေကား ၊ ဒုက္ခများမည့် ၊
ဆိုးရွားလေသောအချစ်ဇုန် ။

သင့်မျက်ဝန်းမှာ ၊ ကရုဏာနှင့် ၊
တွယ်တာခင်မင် ၊ သံယောဇဉ်ကို ၊
သွင်ပြင်ထင်ရှား ၊ မြင်ပါငြားလည်း ၊
သင်ကားနန်းထိုက် ၊ ပန်းမကိုဋ်မို့ ၊
မိုက်မိုက်မဲမဲ ၊ ညမှောင်ထဲသို့ ၊
ချစ်ဇွဲနှောင်ငင် ၊ မလာချင်နှင့် ၊

မောင့်ရင်ခွင်ကား ၊ သောကများမည့် ၊
ဆိုးရွားလေသောအချစ်ဇုန် ။


အောင်နိုင်သူ ( -- / 5 / 2016 )

No comments:

Post a Comment