Monday, September 5, 2016

ချိတ်ပုတီး - အချိုးကဗျာ ( ၈ )


သစ်ကနက်စိပ်ပုတီးနဲ့ ၊
ရိပ်ကြီးကိုတဲ့ခိုမယ်ကြံ ၊
စိတ်အားကမသန် ။

မြတ်ဆုပန် ၊
နဗ္ဗာန်ချီမဲ့သည်ခရီး ။

တရားနောက်လူလိုက်မသွားတော့ ၊
ဘုရားစင်ရှေ့တွဲလဲရယ်နဲ့ ၊
စွဲမြဲစွာတိတ်တဆိတ် ၊
အမြဲချိတ်တဲ့ပုတီး ။

အောင်နိုင်သူ

No comments:

Post a Comment