Monday, September 26, 2016

သာသနနယ်သို့ - တေးထပ် ( ၃ )


ရဟန်းခံ   ရှင်ပြုဖို့ ၊
ကုသိုလ်မှု  အတွေးမှန် ၊ 
ပြုလေယခု  ဓိဋ္ဌာန်သည် ၊
မြတ်နိဗ္ဗာန်  ရည်စူး ။
ကြည်နူးသမှု  ပီတိတဝေဝေ ၊
ကုသလေ  အကြောင်းကံရယ်ထူး ။

ကြုံခဲတဲ့  ကုသိုလ်မဟာကွယ် ၊
စိတ်သဒ္ဓါ ဉာဏ်ဦး ။
အဝိဇ္ဇာ  မလွန်ကျူးဖို့ ၊
အမိုက်ဆူး နှုတ်ပယ် ။
သာသနအမွေ  အလွန်မြတ်သည်မို့ ၊

စေတနာပြတ် သားလို့လှူတယ် ။

ဗုဒ္ဓေဓမ္မ  ဘာသာဝယ် ၊
ဘဝနယ်ပယ်  လွတ်ကင်းဖို့ ၊
ဝပ်စင်းလို့  ဆာမကျယ် ၊

မောဟတွေပယ် ။
လောကီမငဲ့  သပိတ်ကိုလွယ်ကာ ၊
သာသနနယ်  ကူးပါပေါ့လေး ။


အောင်နိုင်သူ ( 8 / 9 / 2016 )

No comments:

Post a Comment