Monday, September 5, 2016

ကျောင်းအပျော်လိုက်တဲ့ညီမလေး - ကလေးကဗျာ ( ၂ )



ကျောင်းအပျော်လိုက်တဲ့ညီမလေး



ကျောင်းသွားချိန်မယ်ညီမလေးငယ် ၊

လွယ်အိတ်ကြိုးကိုထုံးလို့လွယ် ၊

ကျွန်တော်နဲ့အတူကွယ်ကျောင်းကိုလိုက်တယ် ၊

အသက်ငယ်သေးတော့အပျော်တဲ့ကွယ် ။


သူ့လက်ငယ်ငယ်ကျွန်တော့်ကိုဆွဲတယ် ၊

ခုန်ဟယ်ပေါက်ဟယ်မြူးလို့ရယ် ၊

ကျောင်းကိုအဝင်မယ်မျက်နှာနွမ်းနယ် ၊

အမေ့ကိုလွမ်းလို့ငိုတော့တယ် ၊

မငိုနဲ့ကွယ်…ညီမလေးရယ် ။ 


အောင်နိုင်သူ   ( 1 / 6 / 2016 )

No comments:

Post a Comment