Monday, September 26, 2016

သုံးရာသီရဲ့ပန်း - တေးထပ် ( ၄ )


မြိုင်မာလာ ခိုင်ညှာမြ ၊
လှိုင်ဖြာကျ ထိန်ဝါ ၊
ကြိုင်ပါလှ သိင်္ဂါရည် ၊
ထုံဝေစီ ပျံ့သင်း ။

ရွှေပိတောက် သွေမဖေါက်ဂိမှန် ၊
နွေရောက်ချိန် ပွင့်ကြပေါ့မယွင်း ။

ဝဿန်လ ရူပကြွယ် ၊

ဖြူလွစံပယ် ပဝင်း ။
ကြူမြဘွယ် ငွေအဆင်းနဲ့ ၊ 

မြေတလင်း အပြည့်ဖြာ ။
ပွင့်လွှာချပ် ဆင့်ညှာထပ်လို့ ၊
ဝင့်ကာလှပ် သင်းပျံ့လေမှာ ။


ဆောင်းတစ်ကွေ့ နှင်းငွေ့မှာလှုံ ၊
သင်း၍သာထုံ သဇင်ပန်းတို့ ၊
အဆင်လန်း ဆန်းတင့်အဖန်ဖန် ၊
ကမ်းလင့်ချင်ပြန် ။
အလွမ်းသင့် အမြင်သဏ္ဌာန်ရယ် ၊
အသွင်မမှန် မှိုင်းဝေပေါ့လေး ။


အောင်နိုင်သူ ( 27 / 9 / 2016 )

No comments:

Post a Comment