Tuesday, September 13, 2016

အကျိုးမဲ့စစ်ပွဲ - အချိုးကဗျာ ( ၂၁ )

မယားရှိလင်ရာမကိုမှ ၊
သုပန္နကအချစ်ကြမ်းလေတော့ ၊
ဇာတ်လမ်းကအခြေဆိုးဖို့ ၊

ရှေ့တိုးခဲ့မဆင်ချင် ။

မိသီတာလင့်စကားကို ၊

ထွေပြားလို့သူ့နားမဝင် ၊
ရွှေသမင်မာရဇ္ဇအပေါ် ၊
အတုပလို့မမြင် ။

ရာမကရွှေသမင်လိုက်စဉ် ၊
လူမိုက်ဒဿသီတာခိုးလို့ ၊
တဟုန်ထိုးစစ်ရေးကိုပြင် ၊
အားအင်နဲ့နွှဲ ။

ရန်လို၍ရန်တွေပွါးပို ၊
သိင်္ဂိုပြည်မီးဟုန်းဟုန်းနဲ့ ၊
ပျက်ပြုန်းပေါ့ဒဿအမျိုးတို့ ၊
အကျိုးမဲ့စစ်ပွဲ ။

မာရဇ္ဇ = ရွှေသမင်ယောင်ဆောင်သော ဒဿဂီရိ နှင့် ညီမတော်
သုပန္နကတို့၏ ဦးရီးတော် ။
သိင်္ဂိုပြည် = လင်္ကာဒီပ ။


အောင်နိုင်သူ ( 14 / 9 / 2016 )

No comments:

Post a Comment