Friday, September 16, 2016

မချစ်ရဲတော့ဘူး - အချိုးတွဲ ( ၆ )


ဟိုးတုန်းကဆယ်ကျော်သက်ရွယ် ။
ရူးမိုက်တဲ့နှလုံးသားနဲ့ ၊
ချစ်ကစားဖူးတယ် ။
အသိဉာဏ်ကမလယ်ဝယ် ၊

နုနယ်တဲ့နှလုံးသား ။
အချစ်ဆိုတာသေချာမသိတော့ ၊

ဝေဒနာငြိဒီကောင်လေးခမြာ ၊
ဆွေးဗျာပါများ ။

ဓနဂုဏ်မဲ့၍လူကိုမခင် ။
ငယ်သူမို့အထင်သေးတော့ ၊

ရှောင်ပြေးလို့ကျဉ် ။
တံလျှပ်ကိုရေအသွင်ထင် ၊

ရွှေသမင်အလိုက်လွဲ ။
ချစ်ပင်လယ်တဏှာနွံအလယ် ၊
ပုစွန်ငယ်လွမ်းကျန်ရစ်သည့် ၊

ရေနစ်တဲ့ပွဲ ။

ချစ်မိသည်တစ်ကြိမ်တစ်ခါ ။
ကိုယ်ကသာအချစ်လွန်ကဲ၍ ၊
ရင်ထဲကနာ ။
အဆိပ်ဆူးလိုအချစ်မာယာ ၊
အသည်းမှာနစ်စူး ။
ချစ်ချင်ပေမဲ့ခုနေခါဝယ် ၊
ချစ်ဒါဏ်ရာနာကောင်းဆဲမို့ ၊
ချစ်ရဲတော့ဘူး ။


အောင်နိုင်သူ ( 16 / 9 / 2016 )

No comments:

Post a Comment