Friday, September 9, 2016

နှလုံးသားကိုအလှဆင် - အချိုးတွဲ ( ၃ )


အလှတရားကိုရှာဖွေ ။
နေရာတကာစိတ်အလိုလိုက် ၊
အလှကြိုက်သူတွေ ။
လူတို့ဘဝရှုပ်လို့ပွေ ၊
ရှာလေလေအလှကရှား ။
ထင်သမျှအဆင်မချောကြတော့ ၊
လူ့လောကမာယာကြောမှာ ၊

ဇောဗျာပါများ ။

ဗဟိဒ္ဓအလှမရှည်ကြာ ။

သေချာသည်အချိန်နှောင်းလျင်ဖြင့် ၊
ပြောင်းလဲဓမ္မတာ ။
တွေးကြည့်လို့ဆင်ချင်စရာ ၊
သင်္ခါရတရား ။
အဇ္ဈတ္တကိုပြုပြင် ၊
မြဲအစဉ်အလှတင့်ရန် ၊
သင့်နှလုံးသားသင့်ရင်ခွင်အား ၊
အလှဆင်လို့ထား ။

ဗဟိဒ္ဓ = ပြင်ပန်းသဏ္ဌာန် ။ အဇ္ဈတ္တ = အတွင်းသဏ္ဌာန် ။


အောင်နိုင်သူ ( 10 / 9 / 2016 )

No comments:

Post a Comment