Monday, September 5, 2016

ဒီဆောင်းမှာပြန်ခဲ့ပါ - အချိုးကဗျာ ( ၅ )


မိုးဝဿန်ကွယ်ပျောက်ရင်ဖြင့် ၊
ရောက်ပေလိမ့်နောက်တစ်ပြန် ၊ 
ဆောင်းလဟေမန် ။

အတိတ်ကိုလှန် ၊
သဏ္ဌာန်တွေဝိုးတဝါး ။

ချစ်လွန်းသူမောင့်သည်းညှာရယ် ၊
ဒီတစ်ခါနှင်းတွေကျရင်ဖြင့် ၊

သတိတရပြန်လာသင့်ပါရဲ့ ၊
မျှော်လင့်စောင့်စား ။

အောင်နိုင်သူ ( 6 / 9 / 2016 )

No comments:

Post a Comment