Monday, September 5, 2016

ကဗျာဝါသနာ - အချိုးကဗျာ ( ၄ )


ကာရန်ကဗျာလေးတွေကိုဖြင့် ၊
ရှာကြံကာတွေးနေအစဉ် ၊ 
ရေးလေလျင်စိတ်ကြည်မြပေါ့ ၊
ဗီဇဝါသနာ ။


ဖြစ်ပျက်စုံလူ့မနောကိုလ ၊
ချင့်တွက်ပုံအပြုသဘောမျှ ၊
အနုလောမအံဝင်ကျဖို့ ၊
ဖွင့်ဟကဗျာ ။


လောကတခွင်သာလှတာ ၊
ပြောပြချင်စာသမှာမို့ ၊
သဘာဝဓမ္မတာအဖြာဖြာ ၊

ဖွေရှာလို့ရေး ။

အချစ်တွက်ပြုံးကြရသလို ၊
မနှစ်သက်အမုန်းခပြန်တော့ ၊

နှလုံးကျေမွဝေဒနာခန်းအတွက် ၊
လွမ်းဖွဲ့ကဗျာလေး ။

အနုလောမ = လျောက်ပတ် ၊ လျော်ကန် ။


အောင်နိုင်သူ ( 5 / 9 / 2016 )

No comments:

Post a Comment