Sunday, September 4, 2016

ဗြဟ္မစိုရ်တရား - ရှစ်လုံးစပ်သံပေါက်ကဗျာ ( ၁ )

@.ဗြဟ္မစိုရ်တရားလေးပါး
**************************
( သို့ )
*******
လူမှုဆက်ဆံရေးနည်းလမ်းကောင်း
***********************************
.
အကျိုးလိုလျင်း……ချစ်ခြင်းခေါ်ကာ ၊ 

မေတ္တာသက်နှင်း….ဆွေရင်းသို့သာ ၊
ဘယာကိုတား…….အမှားပြင်တာ ၊
ဤသည်ကား……..သိထားမေတ္တာပါ ။
.
စိတ်နေမြင့်မား…….သနားညှာတာ ၊
နိမ့်နေသော်ငြား…..ထောက်ထားလို့သာ ၊
စာနာမကင်း……….စိတ်ရင်းဖြူစွာ ၊
ကူညီခြင်း…………..မယွင်းကရုဏာ ။
.
သူ့မှာရှိလည်း…….စိတ်ထဲပျော်ကာ ၊
ဣဿာရှောင်လွှဲ…စဉ်မြဲဝမ်းသာ ၊
မနာလိုကင်း………မယွင်းမှန်စွာ ၊
ကြည်ဖြူခြင်း……..အဆင်းမုတိတာ ။
.

ပေါင်းရန်ခက်ပွါး….လူများကိုသာ ၊
လျစ်လျူရှုထား…..ရှောင်သွားမြဲစွာ ၊

ဝေဒနာရှား………..ခံစားမနေတာ ၊
ဤသည်ကား…….မှတ်သားဥပေက္ခာ ။
.

အောင်နိုင်သူ

No comments:

Post a Comment