Thursday, September 15, 2016

နွားကျောင်းသားစည်းစိမ် - အချိုးကဗျာ ( ၂၃ )

မြကမ္ဗလာမြက်ခင်းမှာလ ၊
သက်ဆင်းကြငွေဗျိုင်းဖြူ ၊
ချိုးငယ်ကကူ ။

ပုလွေသံကြူ ၊
ဇိမ်ယူတဲ့နွားကျောင်းသား ။

ကွင်းပြင်အလယ်တငုပ်ငုပ်နဲ့ ၊

နွားတစ်အုပ်ကမြက်တွေစားလို့ ၊
နွားကျောင်းသားစည်းစိမ်ကောင်းတယ် ၊
ထနောင်းပင်အောက်နား ။ 


အောင်နိုင်သူ ( 15 / 9 / 2016 )

No comments:

Post a Comment