Thursday, September 8, 2016

နှမလက်လျှော့စေချင်သည် - လင်္ကာကဗျာ ( ၅ )



ကြင်နာမျက်ဝန်း ၊ ချစ်ရည်ရွှန်းလဲ့ ၊
ရည်ညွှန်းအဓိပ္ပါယ်သိပါသည် ။

မင်းနှလုံးသား ၊ မင်းနှုတ်ဖျားက ၊
စကားလိုရင်းသိပါသည် ။

မင်းအကြင်နာ ၊ မင်းမေတ္တာကို ၊
သေချာမလွဲသိပါသည် ။

မိုးနတ်သူဇာ ၊ မောင့်သက်လျာကား ၊
လိုရာပြည့်စုံ ၊ ဓနဂုဏ်ကြွယ် ၊
ရွှေဘုံစံမြန်း ၊ နန်းထိုက်ပန်းမို့ ၊
အလှမ်းဝေးကွာ ၊ မချူသာပြီ ၊
တော်ရာရှောင်ပြေး ၊ မောင်သာဆွေးမည် ၊
ကံကြွေးမလှ ၊ သည်ဘဝတော့ ၊
နှမလက်လျှော့စေချင်သည် ။

အောင်နိုင်သူ  ( 24 / 7 / 2016 )

No comments:

Post a Comment