Saturday, October 1, 2016

သုဝဏ္ဏသာမ - တေးထပ် ( ၆ )


ဇာတ်တော်မှာ ထုတ်ကာပြ ၊
သုဝဏ္ဏ လောင်းလျာ ၊ 
ပြုကုသလ မဟာ ၊
မြတ်မင်္ဂလာ လူသား ။
ဂါရဝနဲ့ တွယ်တာခင်မင် ၊
ရသေ့ရှင် မိဘနှစ်ပါး ။

သားတော်အလှ ဗုဒ္ဓေလျာရယ် ၊
ဆင်းခန္ဓာ ရွှေသား ။
မိဘအပေါ် ကြင်သနားလို့ ၊ 

ပြစ်မမှား သက်ညှာ ။
လုပ်ကြွေးကာ သူပျော်မွေ့လေပေါ့ ၊
မနောခွေ့ ပြုစုလျက်သာ ။

မြားဒါဏ်ခ သူ့ခမျာရယ် ၊
များဗျာပါ ရှင်နှစ်ပါးတို့ ၊
ချစ်သားလှ ရှင်ဖို့ရန် ၊

တောင်းဆုကိုပန် ။
ရွှေအိုးတဲ့ ထမ်းကာပြန်လာ ၊
သုဝဏ္ဏာ ချစ်သားအလှလေး ။

အောင်နိင်သူ ( 1 / 9 / 2016 )

No comments:

Post a Comment