Friday, October 7, 2016

မေတ္တာရေလောင်း - အချိုးကဗျာ ( ၄၃ )


တစ်မိုးသောက်ပြန်ပေါ့ဆွေသဟာ ။

ဖြိုးမောက်စေ  ရတနာအပေါင်းရယ်လို့ ၊
တောင်းဆုမင်္ဂလာ ။

အောင်နိမိတ် အောင်အတိတ်တွေနဲ့ ၊
ကိုယ်စိတ်နှစ်ဖြာ  အလိုဣစ္ဆာရယ် ၊

မြန်မကြာ  ပြည့်ဝစေကြောင်း ။

မိုးဆမ်းပန်းလို  လန်းဝေဖြာကာ ၊

ဘေးဘယာတွေ   ဝေးကွာဖို့ကွယ် ၊
( ပန်းသပြေရယ်နဲ့ )

မေတ္တာရေလောင်း ။

ဣစ္ဆာ = လိုလားတောင်းတခြင်း ။

အောင်နိုင်သူ ( 8 / 10 / 2016 )

No comments:

Post a Comment