Sunday, October 30, 2016

မီးထွန်းပွဲ - အချိုးကဗျာ ( ၄၈ )


တန်ဆောင်မုန်း လပြည့်ညမို့ ၊
လဝန်းကထိန်ထိန်ဝါ ၊
ညင်းလေငယ်လာ ။

ပွဲခင်းသာ ၊
နာပျော်ဘွယ်ဆိုင်းသံကြား ။

မေ့မျက်နှာ မှုန်နံ့သာသကာ ၊
ချစ်ကြင်စ မောင်နှင့်မယ်တို့ ၊
ရွာအလယ် မီးထွန်းပွဲကို ၊

နွှဲပျော်ဖို့သွား ။

အောင်နိုင်သူ ( 30 / 10 / 2016 )

No comments:

Post a Comment