Saturday, October 29, 2016

တို့ရွာဘုံကထိန် - အချိုးကဗျာ ( ၄၇ )


ပဒေသာပင်တွေ အသွင်ဆန်း ၊
စီတန်းလို့လှည့်အလာ ၊
ဒိုးဝိုင်းကသာ ။

ငါတို့ရွာ ၊
ကညာတွေပျော်လို့မြူး ။

သူသူငါ  စိတ်လက်ကြည်ဖြူ ၊
သဒ္ဓါရည်တူ  လှူခွင့်ကြုံသမို့ ၊
ရတနာပုံအိမ်ဝင်ဆိုက်သလိုပ ၊
သည်းလှိုက်ကြည်နူး ။

အောင်နိုင်သူ  ( 29 / 10 / 2016 )

No comments:

Post a Comment