Friday, October 14, 2016

တိမ်တောက်ချိန် - အချိုးကဗျာ ( ၄၆ )


ကောင်းကင်မှာ တိမ်တစ်ဝက်မို့ ၊
မှောင်တစ်ချက် လင်းတစ်ခါ ၊
ညနေဆည်းဆာ ။

ညင်းလေသာ ၊
ညံစာစာ ငှက်တစ်သင်း ။


နေဝင်ချိန် တိမ်တောက်တော့ ၊
ပျိုဆံတောက်တို့ ရေခပ်အသွားမှာ ၊
အသားတော်ပဝင်း ။

အောင်နိုင်သူ ( 13 / 10 / 2016 )

No comments:

Post a Comment