Sunday, October 9, 2016

အဘိဓမ္မာအခါတော်နေ့ထူး - တေးထပ် ( ၇ )


 
အဘိဓမ္မာ   မြွက်ဆိုဟ ၊
သုံးဝါလ  အချိန်ကြာ ၊
ဟောကာပြ   နတ်ဗြဟ္မာလယ် ၊
အမိမာတာ   နာကြား ။
စံမြန်းခဲ့  တာဝတိံသာ ၊
ဂုဏ်ရောင်ထိန်  သုံးလူထွဋ်ထား ။

ကြွမြန်းခဲ့  လူ့ဋ္ဌာနေဆီ ၊
နတ်ဗြဟ္မာ  ခစား ။
စောင်းတန်းရယ်  ပတ္တမြားဆီက ၊
မြတ်ဘုရား  တင့်စွာ ။
ရွှေလဝါ  ပြည့်ရွှန်းပဝင်းတဲ့ ၊
သမယ  သီတင်းကျွတ်ချိန်ခါ ။

မီးရောင်နဲ့  ပူဇာသဘင်ရယ် ၊
လူတကာ  ဆင်နွှဲလို့ ၊
တည်မြဲခဲ့  ချိန်ရှည်ကြာ ၊
ဦးထိပ်ပန်လာ ။
သီတင်းကျွတ်  ဟောသည်အခါဟာ ၊
အဘိဓမ္မာ   နေ့ထူးကွဲ့လေး ။

အောင်နိုင်သူ  ( 9 / 10 / 2016 )

No comments:

Post a Comment