Monday, October 17, 2016

ကြာကန်အလယ်မောင်နဲ့မယ် - သံပေါက် ( ၃ )


စိမ်းမြကြည်စွာ ၊ ရေကန်သာ ၊
ပန်းကြာတဖွေးဖွေး ။

လေညင်းဆောင်ရာ ၊ ရနံ့ဖြာ ၊
သန်းကာတမွှေးမွှေး ။

ပင်လယ်ပမာ ၊ ပန်းကမ္ဘာ ၊
ဆန်းကာတရေးရေး ။

လှေဦးထိပ်မှာ ၊ ရေမှုန်လွှာ ၊
သန်းလာတအေးအေး ။

လှနိုးရာရာ ၊ ပဒုမ္မာ ၊
မှန်းကာတရွေးရွေး ။

လှေငယ်လှော်လာ ၊ ငြိမ့်ညောင်းစွာ ၊
မြန်းတာတနှေးနှေး ။

ခူးသည့်ရွှေကြာ ၊ ပျို့ရင်မှာ ၊
လန်းစွာတထွေးထွေး ။

မယ့်မောင်ကြီးမှာ ၊ မယ့်ကိုသာ ၊
မှန်းကာတငေးငေး ။

မယ်လေးမျက်နှာ ၊ ရှက်သွေးဖြာ ၊ 

ဖြန်းကာတနွေးနွေး ။

အောင်နိုင်သူ ( 17 / 10 / 2016 )

No comments:

Post a Comment