Friday, October 7, 2016

သုဝဏ္ဏသာမရေခပ်ခဏ်း - အချိုးကဗျာ ( ၄၂ )


အနောက်ယွန်းပြီကွဲ့ ဒေါင်းဖန်ဝါ ။

တောမြိုင်လယ် ချောင်းသီတာကမ်းကိုလ ၊
လှမ်းလာခဲ့ ရွှေသမင်အပေါင်းရယ်နဲ့ ၊

ရောင်းရင်းဆွေပမာ ။

ငှက်ကျေးတွေ သံစုံကြူးပါလို့ ၊
ကြည်နူးဘွယ် ဒေါင်းတွန်သံကသာ ၊
ဆည်းဆာအလှထွေပြား ။

ခပ်ကြပါကွဲ့ အလျင်စလိုသာ ၊

နေအညိုမှာ ရေချိုထမ်းကာ ၊
( ကျောင်းသင်္ခဏ်းကိုတဲ့ )

လှမ်းကြစို့လား ။

အောင်နိုင်သူ ( 7 / 10 / 2016 )

No comments:

Post a Comment