Sunday, October 2, 2016

နဝရတ်ကိုးပါးအစွမ်း - အချိုးကဗျာ ( ၃၆ )


ကျောက်ဘုရင် စိန်ရောင်ဖြိုးလို့ ၊
တိုးသတဲ့ဂုဏ်ရောင် ။

ပတ္တမြား စွမ်းအင်ကြီးတယ် ၊
ဘုန်းမီးတောက်အောင် ။

မြကျောက်ကယ် အေးတယ်တမူကွဲ့ ၊
ပုလဲဖြူ ကျက်သရေပြောင် ၊
သန္တာဆောင်ကြီးကဲတတ် ။

မေတ္တာပို မဏိနီလာ ၊
ရတနာကြောင် သိဒ္ဓိပေါက်လို့ ၊

ဂေါ်မိတ်ကျောက် မဟာခွန်အားနဲ့ ၊
ဥဿဖယား ကျန်းမာစေကာ ၊
ဆန်းပါသလေ ဂမ္ဘီရနှောင်သမို့ ၊

ဆောင်လေလျင် စွမ်းအင်တိုးပေါ့ ၊
ဖြိုးအသရေ တဖျတ်ဖျတ်ကွဲ့ ၊
ကိုးနဝရတ် ။

အောင်နိုင်သူ ( 2 / 10 / 2016 )

No comments:

Post a Comment