Wednesday, October 12, 2016

သီတင်းကျွတ်အလှူပွဲ - ဒိုးပတ်တေး+သံချပ် ( ၁ )


ဝါလတွေကင်းကာလွတ် ၊
သီတင်းကျွတ်တဲ့ ဒီချိန်ခါ ။
ဝါလတွေကင်းလို့လွတ် ၊
သီတင်းကျွတ်တဲ့ ဒီချိန်ခါ ။

သဟာယတွေ လာပါဗျာ ၊
ကုသိုလ်တော် ယူကြဖို့ရာ ။
သဟာယတွေ လာပါလာပါ ၊
ကုသိုလ်တော်ယူကြစို့ဗျာ ။

တစ်မူးရှိတော့ တစ်ပဲလှူမှာ ၊
တစ်ပဲရှိတော့ တစ်ပြားလှူမှာ ။
တစ်ပဲရှိတော့ တစ်ပြားလှူမှာ ၊
တစ်မူးရှိတော့ တစ်ပဲလှူမှာ ။

ဒါနာမဟာ…..ကြုံခိုက်မှာ..………….၊
အလိုဗျာ…….တို့တတွေအလှူပွဲ….၊

ပေါင်းဆုံကာနွှဲ……နွှဲ………………...။

သံချပ်
****
စိန်..စိန်..စိန်လားမောင်တို့ ၊
မြ..မြ..မြလားမောင်တို့ ။
မြ..မြ..မြလားမောင်တို့ ၊
စိန်..စိန်..စိန်လားမောင်တို့ ။

ဝါလွတ်ကင်းလို့ သီတင်းကျွတ်ပြီ ၊
တို့များဋ္ဌာနီ ပျော်ပွဲရွှင်ပွဲ ။

ဗုဒ္ဓမြတ်ကို မှန်းမျှော်ရည် ၊
ဆိမီးစုံညီ ပူဇော်ကြစို့ ။

တာဝတိံသာက ကြွမြန်းလာ ၊
မြတ်ဗုဒ္ဓါကို ဦးခိုက်မျှော်ဖူး ။

သီတင်းကျွတ်လပြည့် နေ့မဟာ ၊
တို့ဘာသာမှာ အဘိဓမ္မာနေ့ပဲ ။

ဗုဒ္ဓသာသနာ အဓွန့်ရှည်ကြာ ၊
ကမ္ဘာပေါ်မှာ တည်ပါစေသား ။

ဆုတောင်းရုံနဲ့ မဖြစ်နိုင်ပါ ၊
ဝိုင်းကာဝန်းကာ ထိန်းသိမ်းကြစို့ ။

နည်းများမဟူ ကုသိုလ်ယူ ၊
နတ်လူသာဓု အနုမောဒန ။

ချမ်းသာလိုလျင် ဒါနကို ၊
စိတ်လိုလက်ရ ပြုကြပါဗျ ။

တတ်နိုင်သမျှ လှူဒါန်းလျင် ၊
နိဗ္ဗာန်ကိုပင် ရောက်မှာအမှန်ပဲ ။

အလှူအတမ်းမှာ လက်မနှေးတာ ၊
တို့ရွှေမြန်မာ ကမ္ဘာရှားဟေ့ ။

ကောင်းကျိုးကိုမျှော် နှိုးကာဆော် ၊
မျိုးတော်ဆွေတော် ချမ်းသာစေသား ။

ဟေ့..တကယ်လား ၊
ဟုတ်ပါ့ဗျား ။
ဟေ့..တကယ်လား ၊
ဟုတ်ပါ့ဗျား ။
ဟေး..လာ..မောင်..တို့ ..ဝါး ။

အောင်နိုင်သူ ( 12 / 10 / 2016 )

No comments:

Post a Comment