Tuesday, October 4, 2016

အောင်ဆန်းရဲ့သွေး - အချိုးကဗျာ ( ၃၇ )


အောင်ဆန်းတဲ့ သေနိုင်ရိုးလား ၊
အမြုတေမျိုး  ပါကွဲ့မြန်မာ့တိုင်းမှာ ၊ 
သမိုင်းမော်ကွန်းဝင် ။

ရုပ်ရည်က  ထည်ထည်ခန့်လေသနဲ့ ၊
ရှင်းသန့်တဲ့  စိတ်စေတနာ ၊

တို့မြန်မာ  လွတ်လပ်ရေးအတွက် ၊
သွေးနဲ့ကယ်တင် ။

မျိုးရိုးက  ထွန်းတောက်မငြီးတော့ ၊
သမီးငယ်   အောင်ဆန်းစုကြည် ၊
တို့မြန်ပြည်  ဒီမိုကရေစီအမှန်ရဖို့ ၊
သူ့ဘဝ  နည်းနည်းမျှပင်သူမခင် ၊
ထီမထင် စွန့်လွှတ်ခဲ့သေး ။

မြန်မာ့ရာဇဝင်  ကမ္ဘာမှာမရိုင်းစေဖို့ ၊
သမိုင်းပေးတဲ့ မေတ္တာနဲ့သစ္စာအမွေ ၊
တို့မြန်ပြေ  ပတ္တမြားပြည်တန်ပေမို့ ၊
မျိုးဂုဏ်မာန်  အစဉ်လန်းပါတဲ့ ၊

အောင်ဆန်းရဲ့သွေး ။

အောင်နိုင်သူ ( 4 / 10 / 2016 )

No comments:

Post a Comment