Tuesday, October 4, 2016

ချိုးခဲ့ပါရွှေကြာရိုး - အချိုးကဗျာ ( ၃၈ )


စိမ်းရောင်စို  တောင်တရိုးမှာဖြင့် ၊
မြူခိုးတွေကဖွဲ့နှောင် ။

ထက်ဝဠာ  ဝေဟင်တိုင်းရယ်က ၊
မှိုင်းညို့ညို့မှောင် ။

မိုးအရွာလွန်  တော်သလင်းပေမို့ ၊
လယ်ကွင်းတွေက  ရေဖေါင်ဖေါင် ၊
မိုးတောင်ကချုန်း ။

လယ်နဘေး  ကန်ရေပြာမတော့ ၊
ကြာဖူးတွေလည်း  အလျှိုလျှိုထောင် ၊
နေညိုမှောင်  အိမ်ပြန်မြန်းရင်ဖြင့် ၊
ပန်းပဒုမ္မာ  ရွှေကြာရိုးတွေ ၊
ချိုးခဲ့မောင်ဖုန်း ။

အောင်နိုင်သူ ( 29 / 9 / 2016 )

No comments:

Post a Comment