Thursday, October 6, 2016

ဆောင်းရင်ခွင်မှမိုးသို့အလွမ်း - အချိုးကဗျာ ( ၄၀ )


မိုးတိမ်တွေ တဖြေးဖြေးနဲ့ ၊
တဝေးဝေး တအိအိပြန်လို့ ၊
မိဝဿန်   လာရာလမ်းကိုဖြင့် ၊
လှမ်းတော့မဲ့သဏ္ဌာန် ။

စည်တီးသံ တဂျိမ်းဂျိမ်းရယ်နဲ့ ၊
တယိမ်းယိမ်း ဆုတ်လို့ခွါတော့ ၊
မုတ်သုန်မိုး ရာသီနှောင်းပါပေါ့ ၊

ဆောင်းဝင်မည့်ဟန် ။

နှင်းကိုမျှော် မိုးရက်တွေလွမ်းပါရဲ့ ၊
ကျွမ်းရစ်နှောင် ကြည်နူးမဆုံးခင်ပဲ ၊
အပြုံးမဲ့စွာ မိဝဿန်   ရယ် ၊
မင်းပြန်ရက်အား ။

မင်းကိုယ်စား ငွေမှုန်နှင်းတွေနဲ့ ၊

လေညင်းငယ် ချန်ထားရစ်တော့ ၊
ပြန်သွားသူ မိမိုးသခင်ကိုလ ၊ 
ဆောင်းရင်ခွင် ဟေမန္တမှာဖြင့် ၊
လွမ်းရမှာလား ။

စည်တီးသံ = မိုးခြိမ်းသံ ။ တဖြေးဖြေး = တဖြည်းဖြည်း ။

အောင်နိုင်သူ ( 6 / 10 / 2016 )

No comments:

Post a Comment