Wednesday, October 12, 2016

ညခင်းဆည်းဆာ - ဥသြသံချိုဆင့် ( ၁ )


တိမ်မျှင်ဖြူလွှာ ၊ လေနှင်ရာ ၊
စန္ဒာနားက လွင့်ပေါ့ကွယ် ၊
ပုဝါပါးမျှ တင့်တော့တယ် ။ 


ကောင်းကင်ဘုံတွင်း ၊ ကြယ်တွေလင်း ၊
လမင်းထိန်ထိန် သာလှတယ် ၊
ညခင်းမှိန်မှိန် ပဏာရဘွယ် ။


သော်တာရောင်ဆမ်း ၊ လှိုင်းသံလွှမ်း ၊ 
သောင်ကမ်းဗွေမှာ တကျယ်ကျယ် ၊
ယောင်ယမ်းဖွေရှာ တလယ်လယ် ။

ညမှာပွင့်လန်း ၊ ညမွှေးပန်း ၊
ကူးသန်းပျံ့ကြွယ် ကြိုင်ကာရယ် ၊
ထူးဆန်းအံ့ဘွယ် လှိုင်ရှာတယ် ။

လှပဆည်းဆာ ၊ လေညင်းသာ ၊
ကြင်နာယုယ ထွေးပေါ့ကွယ် ၊
ရင်မှာခုမှ နွေးတော့တယ် ။


အောင်နိုင်သူ ( 12 / 10 / 2016 )

No comments:

Post a Comment