Friday, October 21, 2016

လက်ဆေးကြမယ် - ကလေးကဗျာ ( ၁၀ )


အစားမစားခင်မှာ လက်ကိုဆေးကာ ၊
ကျန်းမာရေးကို ဂရုစိုက်မယ် ။
စားပြီးလျင်လည်း လက်ကိုဆေးမှ ၊
တို့လက်လေးတွေ သန့်ရှင်းမယ် ။

ရေအိမ်သာကို ဝင်ကာသုံးလျင် ၊
ဆပ်ပြာတုံးနဲ့ လက်ဆေးမယ် ။
ညစ်ပေနေလျင် လက်ကိုဆေးမှ ၊
လက်တွေဖွေးလို့ သန့်ရှင်းတယ် ။
သန့်ရှင်းတယ်…..သန့်ရှင်းတယ် ။


ကစားစရာတွေ ကစားတာပြီးလျင် ၊
မပျက်စီးအောင် သိမ်းရတယ် ။
လက်တွေကိုလည်း စင်အောင်ဆေးမှ ၊
တို့လက်လေးတွေ မပျက်ဘူးကွယ် ။

တို့လက်ကလေးတွေ အမြဲလိုလှအောင် ၊
လက်ဆေးကြမယ် သူငယ်ချင်းရယ် ။
မုန့်ကိုမကိုင်ခင် လက်တွေဆေးမှ ၊

ရောဂါဘေးက လွန်မြောက်မယ် ။
လက်ဆေးကွယ်…..လက်ဆေးကွယ် ။

( မည်သူမဆိုကူးယူအသုံးပြုနိုင်ပါသည် )

အောင်နိုင်သူ ( 21 / 10 / 2016 )

No comments:

Post a Comment