Monday, October 17, 2016

အလွမ်းဟေမန် - နဘေပြန်သံပေါက် ( ၁ )


ဟိုကမ်းငွေသောင် ၊
လွမ်းစေအောင် ၊
နေရောင်ဖျော့ဖျော့မှာ ။

လေပြေလေညင်း ၊
ချွေငွေနှင်း ၊
ဝေဆင်းပြိုကျလာ ။

ငှက်ကျေးပျော်စံ ၊
ကြွေးကြော်ညံ ၊
အော်သံမျိုးစုံစွာ ။

မြိုင်လယ်တင့်ဆန်း ၊
ထယ်ဝင့်လန်း ၊
ပွင့်ပန်းဝေဝေဆာ ။
.
စိုလူးနှင်းလှုံ ၊
ဖူးဆင်းငုံ ၊
သင်းထုံရနံ့ဖြာ ။

ငေးမျှော်ကမ်းဘေး ၊
ဖေါ်လှမ်းဝေး ၊
ချမ်းအေးမပြေပါ ။

သည်းကျွမ်းစေရန် ၊
လွမ်းနေပြန် ၊
ဟေမန်ဆောင်းလခါ ။

ထယ် = ထည်  ။

အောင်နိုင်သူ ( 17 / 10 / 2016 )

No comments:

Post a Comment